မြန်မာ (Burmese)

ဘာသာစကားအကူအညီဝန်ဆောင်မှုအတွက် Denver ရဲဌာန၏ လမ်းညွှန်

ကျွန်ုပ်တို့ဝန်ဆောင်မှုပေးသော အသိုက်အဝန်းကို ပံ့ပိုးရာတွင် အားလုံးအတွက် ရယူအသုံးပြုနိုင်သည့် ဘာသာစကားအကူအညီများကို ပေးကမ်းပါမည်။

DPD က အင်္ဂလိပ်စာကျွမ်းကျင်မှုနည်းပါးသူ (LEP) အပါအဝင် အသိုက်အဝန်းရှိလူများအားလုံးကို သာတူညီမျှဝန်ဆောင်မှုပေးရန် အလေးထားဆောင်ရွက်ပါသည်။ နိုင်ငံသားဇစ်မြစ် သို့မဟုတ် မူလဘာသာစကားတို့နှင့် မသက်ဆိုင်ပဲ တိကျမှန်ကန်ပြီး အချိန်နှင့်တပြေးညီဖြစ်သော ထိရောက်သည့်ဆက်သွယ်ပြောဆိုမှုများဖြစ်စေရန် သင့်တင့်လျောက်ပတ်သည့် အဆင့်တိုင်းဖြင့် လုပ်ဆောင်သွားရန်မှာ DPD ၏ မူဝါဒဖြစ်ပါသည်။

LEP များအတွက် ဘာသာစကားအကူအညီဖြစ်သော အခမဲ့ဝန်ဆောင်မှုသည် LEP များအတွက် Denver ရဲဌာန၏ ဘာသာစကားရယူသုံးစွဲခြင်း ဝန်ဆောင်မှုများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည် (DPD ဘာသာစကား ရယူမှုအစီအစဉ်ကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ(PDF, 313KB))။

ဘာသာစကားဝန်ဆောင်မှုများကို မည်သူတွေရနိုင်သလဲ။

ဘာသာစကားကျွမ်းကျင်မှုနည်းပါးသော (LEP) တိုင်းအတွက် ဘာသာစကားဝန်ဆောင်မှုကို အခမဲ့ရနိုင်ပါသည်။ ဆိုလိုသည်မှာ အင်္ဂလိပ်စာသည် သင်၏မိခင်ဘာသာစကားမဟုတ်ပဲ သင်သည် အင်္ဂလိပ်စာဖတ်ခြင်း၊ စကားပြောခြင်း သို့မဟုတ် နားလည်ခြင်းတို့တွင် အခက်အခဲရှိနိုင်သူဖြစ်သည်ဟု ဆိုလိုသည်။

ကျွန်ုပ် အင်္ဂလိပ်စာ အနည်းငယ်တတ်ပါတယ်။ ကျွန်ုပ် စကားပြန်တစ်ဦး အမှန်တကယ်လိုအပ်သလား။

သင် အင်္ဂလိပ်စကားအနည်းငယ် နားလည်သည် သို့မဟုတ် ပြောတတ်သည်၊ သို့သော် သင်စကားပြန်တစ်ဦး လိုကောင်းလိုအပ်နိုင်ပါသေးသည်။ စကားပြန်က သင့်ကို ကူညီနိုင်သည်များမှာ-

  • နားလည်မှုလွဲမှားခြင်းများကို မဖြစ်စေပါ။
  • တိကျမှန်ကန်သော အချက်အလက်များကို ပေးနိုင်သည်။
  • သင့် ဥပဒေနှင့်ညီသော ရပိုင်ခွင့်များကို နားလည်စေသည်။
  • ဒုက္ခသည်ဝန်ဆောင်မှုများနှင့် ဘာသာပြန်ထားသော ဖောင်များကဲ့သို့ ဝန်ဆောင်မှုများကို တောင်းခံပါ။

ဘာသာစကားအကူအညီဝန်ဆောင်မှုများကို ဘယ်လိုရယူရမလဲ

သင် အင်္ဂလိပ်စကားအနည်းငယ် ပြောနိုင်ပါက-

  1. သင် စကားပြန်တစ်ဦးလိုကြောင်း အရာရှိကိုရှင်းပြပါ။ “I would like an interpreter, and I speak [မြန်မာ] ဟုပြောပါ။”
  2. ထိုအရာရှိက တယ်လီဖုန်း စကားပြန် အက်ပလီကေးရှင်းတွင် စာရင်းပါရှိသော “သင့်ဘာသာစကားကို ညွှန်ပြပါ” ကိုအသုံးပြုခြင်းဖြင့် သင်ပြောဆိုသော ဘာသာစကားကို ရှာဖွေရန်လည်းကူညီပေးနိုင်သည်။
  3. သင်ပြောဆိုသည့် ဘာသာစကားကို ဖုန်းအက်ပလီကေးရှင်းတွင် ရှာပြီး အရာရှိထံညွှန်ပြပါ။
  4. အရာရှိက အက်ပလီကေးရှင်းကို အသုံးပြုပြီး သင့်ကို စကားပြန်တစ်ဦးနှင့် ချိတ်ဆက်ပေးလိမ့်မည်။

အကယ်၍သင်သည် အင်္ဂလိပ်စကားမပြောပါက-

  1. ထိုအရာရှိက တယ်လီဖုန်း စကားပြန် အက်ပလီကေးရှင်းတွင် စာရင်းပါရှိသော “သင့်ဘာသာစကားကို ညွှန်ပြပါ” ကိုအသုံးပြုခြင်းဖြင့် သင်ပြောဆိုသော ဘာသာစကားကို ရှာဖွေရန်ကူညီပေးနိုင်သည်။
  2. သင်ပြောဆိုသည့် ဘာသာစကားကို ထိုဖုန်းအက်ပလီကေးရှင်းတွင် ရှာပြီး အရာရှိထံညွှန်ပြပါ။
  3. ထိုအခါ အရာရှိက သင့်အားကူညီရန် အရည်အချင်းပြည့်မီသော ဘာသာစကားနှစ်မျိုးပြောသည့် အရာရှိကိုခေါ်ဆိုပေးလိမ့်မည်၊ သို့မဟုတ် တယ်လီဖုန်းစကားပြန်ပေးသူတစ်ဦးနှင့် ချိတ်ဆက်ပေးလိမ့်မည်။

ကျွန်ုပ်၏ ကလေး/မိသားစုဝင်၊ သို့မဟုတ် အနားမှာရှိသူတစ်ဦးက ကျွန်ုပ်အတွက် စကားပြန်လုပ်ပေးနိုင်ပါသလား။

DPD အရာရှိများက ကလေးများ၊ သို့မဟုတ် အနားမှာရှိသူများ အပါအဝင် မိသားစုဝင်များကို အရေးပေါ်ကိစ္စမှလွဲ၍ စကားပြန်တစ်ဦးအနေနှင့် အသုံးပြုမည်မဟုတ်ပါ။ အရေးပေါ်ကိစ္စများတွင် အသက်၊ လုံခြုံမှု၊ သို့မဟုတ် ပစ္စည်းဥစ္စာတို့ကို အန္တရာယ်ဖြစ်နိုင်စေခြင်းများ ပါဝင်သည်။

Denver ရဲဌာနက မည်သည့် ဘာသာစကားဝန်ဆောင်မှု အမျိုးအစားများကို ပေးကမ်းပါသလဲ။

  • လက်မှတ်ရ ဘာသာစကားနှစ်မျိုးပြောသည့် အရာရှိများ
  • အမေရိကန် လက်ဟန်ခြေဟန်ဖြင့်ပြောသော ဘာသာစကား (ASL) အပါအဝင် အခြားဘာသာစကားများအတွက် တယ်လီဖုန်း စကားပြန်စနစ်တစ်ခုဖြင့် စကားပြန်များကို ရယူခြင်း
  • သင့် ရပိုင်ခွင့်များကို အရည်အချင်းပြည့်မီသော ဘာသာစကားနှစ်မျိုးပြောသည့် အရာရှိ သို့မဟုတ် တယ်လီဖုန်းစကားပြန်တစ်ဦးက သင့်မူလဘာသာစကားဖြင့် ဖတ်ပြလိမ့်မည်
  • ရဲနှင့်လူတွေ့မေးမြန်းခြင်းကို အရည်အချင်းပြည့်မီသော ဘာသာစကားနှစ်မျိုးပြောသည့် အရာရှိ သို့မဟုတ် တယ်လီဖုန်းစကားပြန်တစ်ဦးက သင့်မူလဘာသာစကားဖြင့် မေးမြန်းပေးလိမ့်မည်
  • စာဖြင့်ရေးသားထားသည့် ဖောင်ပုံစံများကို ပေးလိမ့်မည် သို့မဟုတ် အရည်အချင်းပြည့်မီသော ဘာသာစကားနှစ်မျိုးပြောသည့် အရာရှိ သို့မဟုတ် တယ်လီဖုန်းစကားပြန်တစ်ဦးက သင့်မူလဘာသာစကားဖြင့် ဖတ်ပြပေးလိမ့်မည်

အထူးသဖြင့် သင်သည်အောက်ပါတို့ကို ပြုလုပ်သည့်အခါ ဘာသာစကားအကူအညီသည် အရေးကြီးပါသည်-

  • အရာရှိများက သင့်ကိုလူတွေ့မေးမြန်းခြင်း
  • သင့် ရပိုင်ခွင့်များကို ဖတ်ရှုခြင်း
  • ဖောင်များကိုဖြည့်စွက်ရန် ရရှိထားခြင်း
  • တရားဝင်မေးမြန်းခြင်း

အကယ်၍ကျွန်ုပ်က စကားပြန်တစ်ဦးတောင်းဆိုပါက အဆင်မပြေမှုများ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာဖြစ်စေမလား။

အကျိုးရှိထိရောက်ပြီး တိကျသောပြောဆိုဆက်သွယ်မှုများကို ရဲနှင့် ပြုလုပ်နိုင်စေရန် လူတိုင်းတွင် အခွင့်အရေးရှိပြီး ယင်းအတွက် DPD က ကူညီဆောင်ရွက်ပေးလိုပါသည်။

DPD ဘာသာစကား ရယူမှု မူဝါဒနှင့် အစီအစဉ်က ကျွန်ုပ်တို့ဝန်ဆောင်မှုပေးသော ပြည်သူနှင့် ပြောဆိုဆက်သွယ်မှုများပြုလုပ်ရာတွင် ဘာသာစကားအကူအညီရယူနိုင်မှုကို သေချာရရှိစေလိမ့်မည်။

DPD က ဖြစ်ရပ်တစ်ခုကို ကျင်းပသည့်အခါ မည်သည့်ဘာသာစကားဝန်ဆောင်မှုများကို လိုအပ်မည် နှင့်ထိုဝန်ဆောင်မှုများကို အခကြေးငွေကုန်ကျမှုမရှိပဲ တတ်နိုင်သမျှ သင့်လျှော်သော အတိုင်းအတာတစ်ခုအထိပေးကမ်းမည်ကို ဆုံးဖြတ်ရာတွင် အသိုက်အဝန်းနှင့် အတူညှိနှိုင်းဆောင်ရွက်ကြပါသည်။

မေးခွန်းများ/အကြံပြုချက်များ/စိုးရိမ်ပူပန်စရာများအတွက်-

DPD Language Access Coordinators
Denver Police Chief’s Office
1331 Cherokee Street, Denver, CO 80204
+1 (720) 913-6527
dpdlangservices@denvergov.org

အရေးပေါ်ကိစ္စများအတွက် : 9-1-1